စစ်တပ်မီးရှို့မှုကြောင့် လေဖြတ်နေသည့် သက်ကြီးရွယ်အိုများ သေဆုံး (၂ဝ၂၃ မတ် ၁၇ ရက်)

Video By:  Myanmar Now News Posted On:  March 17, 2023

စစ်ကိုင်းတိုင်းမြို့တော် မုံရွာအနီး ထနောင်းတောရွာကို စစ်တပ်က မတ် ၁၅ရက်က မီးရှို့ခဲ့ရာ လေဖြတ်နေ၍ ပြေးလွှားနိုင်ခြင်းမရှိသော သက်ကြီးရွယ်အို ၃ ဦး မီးလောင်သေဆုံးခဲ့သည်။ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်က မြို့တောင်ဘက် ၃ မိုင်ခန့် အကွာတွင်ရှိသော ဒေသခံကာကွယ်ရေးစခန်းတစ်ခုကို အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့ပြီး ထိုစခန်းတောင်ဘက် ၂ မိုင်ခန့်အကွာရှိ ထနောင်းတော (တောင်) ရွာကို မီးရှို့စဉ် သေဆုံးသွားသူများမှာ အသက် ၈၀ အရွယ် ဒေါ်ကောင်းမှုံ၊ အသက် ၇၀ အရွယ်များ ဖြစ်ကြသော ဦးစိန်လင်း၊ ဦးဌေးမောင်တို့ ဖြစ်သည်။ သတင်း၊ တင်ဆက် - မောင်ရွှေဝါ၊ ဟန်သစ် (လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)